• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးပူးတွဲကော်မတီအစည်းအဝေး ၇ နှစ် ရပ်ဆိုင်းပြီးနောက် ပြန်လည် ကျင်းပ

(GMT+08:00) 2017-04-26 11:03:26

တရုတ်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနဒုဝန်ကြီး ချွေတုံယွိသည် တရုတ်လယ်ယာ စိုက်ပျိုးရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ယခုလ ၂၅ ရက်နေ့က မနီလာမြို့တွင် တရုတ်-ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးပူးတွဲကော်မတီ ပဉ္စမ အကြိမ်မြောက်အစည်းအဝေးသို့တက်ရောက်ခဲ့ကြောင်း၊ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံလယ်ယာစိုက်ပျိုးရေး နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး  ဖိလစ်ပိုင်လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဌာနနှင့် ဆွေးနွေးခဲ့ကြောင်း၊ ယင်းသည် တရုတ်-ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးပူးတွဲကော်မတီအစည်းအဝေးကို ၂၀၁၀ ခုနှစ်တွင် ရပ်ဆိုင်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio