• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျာမဏီဝန်ကြီးချုပ် မာကယ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံ

(GMT+08:00) 2017-04-26 09:48:57

        ယခုလ ၂၅ ရက်နေ့က ဂျာမဏီဝန်ကြီးချုပ် မာကယ်သည် ဘာလင်းမြို့၌ တတိယအကြိမ် တရုတ် -ဂျာမဏီ နိုင်ငံခြားရေးနှင့် လုံခြုံရေး မဟာဗျူဟာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        မာကယ်က မိမိသည် ဂျာမဏီ-တရုတ်ဆက်ဆံမှုတွင် ရရှိခဲ့သည့် အပြုသဘောဆောင်သော တိုးတက်မှုများကို ချီးကျူးပြီး ယခုနှစ်အတွင်း အရေးကြီးသော ကူးလူးဆက်ဆံမှု အစီအစဉ်များဖြင့် နှစ်နိုင်ငံ ဘက်ပေါင်းစုံမှ မဟာဗျူဟာ မိတ်ဘက်ဆက်ဆံမှုအတွက် အနှစ်သာရသစ် ဖော်ဆောင်ပေးလိုကြောင်း ပြောကြားသည်။

        ဝမ်ယိက ယခုနှစ်သည် တရုတ်-ဂျာမဏီ သံတမန်အဆက်အသွယ် ထားရှိသည့် ၄၅ နှစ်မြောက်နှစ်ဖြစ်ကြောင်း၊ ၄င်းကို အခွင့်အရေး တစ်ရပ် အဖြစ် မှတ်ယူပြီး တရုတ်-ဂျာမဏီ ဘက်စုံ မဟာဗျူဟာ မိတ်ဘက်ဆက်ဆံမှု အဆင့်သစ်သို့ ရောက်ရှိရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

   Webradio