• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို အားဖြည့်နေ

(GMT+08:00) 2017-04-26 09:35:54

ဧပြီလ ၂၆ ရက်နေ့သည် ကမ္ဘာ့ မူပိုင်ခွင့်နေ့ ဖြစ်သည်။ ယခုနှစ်များတွင် တရုတ်ပြည်၏ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းသည် တိုးတက်မှုများ ရရှိခဲ့ပြီ ဖြစ်သော်လည်း ပြည်သူပြည်သားများ စောင့်မျှော်ထားသည်ထက် ကွာဟမှု ရှိနေ သေးသည်။ ယင်းတို့အနက် မူပိုင်ခွင့် ကျူးကျော် ထိပါးခြင်း၊ ကုန်တံဆိပ် လုပြီး မှတ်ပုံတင်ခြင်းနှင့် တရားဝင် အခွင့်အရေး ကာကွယ်ရန် ခက်ခဲမှုရှိခြင်း စသည့် ပြဿနာများ ထင်ရှားလျက် ဖြစ်နေသေးသည်။

တရုတ် နိုင်ငံတော် မူပိုင်ခွင့်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရှင်ချမ်ယူက၊ မူပိုင်ခွင့် ဥပဒေနှင့် စာပေမူပိုင်ခွင့်ဥပဒေ အပါအဝင် မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ ပြည့်စုံ လာနေကြောင်း၊ မူပိုင်ခွင့်ဥပဒေ စတုတ္ထ အကြိမ် ပြင်ဆင်မှု ပြုလုပ်နေပြီး မူပိုင်ခွင့်ကို တမင်သက်သက် ကျူးကျော်ထိပါးမှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးရမည်ဟု သတ်မှတ် ထားကြောင်း၊ မူပိုင်ခွင့်ဥပဒေ ပြင်ဆင်ရေးလုပ်ငန်းသည် နိုင်ငံတော် ကောင်စီ၏ ၂၀၁၇ ခုနှစ် ဥပဒေပြုရေး အစီအစဉ်တွင် ထည့်သွင်းပြီ ဖြစ်ပြီး မူပိုင်ခွင့် ကျူးကျော်ထိပါးမှုဆိုင်ရာ လျော်ကြေးပမာဏကို များစွာ တိုးမြှင့်သတ်မှတ်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

လွန်ခဲ့သည့်နှစ်တွင် တရုတ်ပြည် မူပိုင်ခွင့် လျှောက်ထားမှု ပမာဏမှာ ၁၃ သိန်းကျော် ရှိပြီး ၂၀၁၅ ခုနှစ်ကထက် ၂၁့ ၅ ရာခိုင်နှုန်း တိုးများလာကြောင်း သတင်းရရှိပါသည်။

   Webradio