• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် မြောက်ကိုးရီးယားအား အထီးကျန် ဖြစ်စေရေးနှင့် ဖိနှိပ်ရေး မူဝါဒ ကျင့်သုံးသည်ဟု မြောက်ကိုးရီးယား ပြစ်တင်

(GMT+08:00) 2017-04-26 09:32:37

ယခုလောလောဆယ်တွင် အမေရိကန်သည် ကမ္ဘာ့နိုင်ငံ အသီးသီးတို့ မြောက်ကိုးရီးယားအား ဆန့်ကျင့်လာအောင် သွေးထိုးလှုံ့ဆော် နေပြီး မြောက်ကိုးရီးယားအား အထီးကျန် ဖြစ်စေရေးနှင့် ဖိနှိပ်ရေး မူဝါဒကိုလည်း ချမှတ် ကျင့်သုံး နေခြင်းကို မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင် ရှုတ်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် မီးကစားသူ မီးဝါးခံရမည်ဟုလည်း အမေရိကန်အား သတိပေး ခဲ့ကြောင်း မြောက်ကိုးရီးယား သတင်းဌာနမှ ၂၅ ရက်နေ့က သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းတွင် ရေးသားဖေါ်ပြပါသည်။

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ပြီ ဖြစ်သည့် အမေရိကန်၏ မြောက်ကိုးရီးယားအား အထီးကျန် ဖြစ်စေရေးနှင့် ဖိနှိပ်ရေးမူဝါဒနှင့် နျူကလီးယား ခြိမ်းခြောက်မှုသည် မြောက်ကိုးရီးယားက နျူကလီးယား ပိုင်ဆိုင်ရသည့် အကြောင်းရင်းနှင့် တွန်းအား ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio