• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားသည် တပ်မတော်နေ့တွင် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခြင်း မရှိ

(GMT+08:00) 2017-04-26 09:30:33

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က၊ ၂၅ ရက်နေ့တွင် မြောက်ကိုးရီးယားသည် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခြင်း မရှိဟု ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

၂၅ ရက်နေ့သည် မြောက်ကိုးရီးယား တပ်မတော်နေ့ ဖြစ်ပြီး ဘက်အသီးသီးတို့က မြောက်ကိုးရီးယားသည် ယင်းနေ့၌ ဆဌမ အကြိမ် နျူကလီးယား စမ်းသပ်မှု ပြုလုပ် နိုင်မည်ဟု ခန့်မှန်းထားကြသည်။ ယင်းသည် တရုတ်နိုင်ငံက မြောက်ကိုးရီးယားအား ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် တိုက်တွန်းလှုံ့ဆော်သည့် အကျိုးရလဒ် ဟုတ်မဟုတ်နှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ကမ်ရွှမ်က၊ တရုတ်နှင့် မြောက်ကိုးရီးယားတို့သည် ပုံမှန် ကူးလူးဆက်ဆံမှုကို တလျှောက်လုံး ထိန်းသိမ်း ထားနေကြောင်း ပြောကြားခဲ့ပါသည်။

   Webradio