• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားအား အရေးယူးမှုသစ်ပြုလုပ်ရန် ကုလက ပြင်ဆင်ရကြောင်း ထရန့်ဆို

(GMT+08:00) 2017-04-25 14:22:18

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ယမန်နေ့ ၂၄ ရက်နေ့က အိမ်ဖြူတော်၌ ကုလသမဂ္ဂဆိုင်ရာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံမှ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် လက်ရှိ ကိုးရီးယားကျွန်းဆွယ်၏ အခြေအနေကို လက်မခံနိုင်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနှင့် မြောက်ကိုးရီးယားအား အရေးယူမှုသစ်ကို ပြုလုပ်ရန် ပြင်ဆင်ရကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

သမ္မတ ထရန့်သည် ယမန်နေ့ ၂၄ ရက်နေ့က ဂျာမဏီဝန်ကြီးချုပ် မာကယ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ကိုးရီးယားကျွန်းဆွယ်အခြေအနေ၊ ဆီးရီးယားပြဿနာ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း အမေရိကန်အိမ်ဖြူတော်မှ ထုတ်ပြန်သော ကြေညာချက်အရ သိရပါသည်။

 

   Webradio