• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖဂန် ပြည်တွင်းအကြမ်းဖက်မှု ဆိုးဝါးခြင်းအပေါ် တရုတ် အာရုံစိုက်

(GMT+08:00) 2017-04-25 14:10:43

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က တရုတ်ပြည်ဘက်သည် အာဖဂန်နိုင်ငံ ပြည်တွင်း အကြမ်းဖက်မှု တစ်ဆင့်တိုး ဆိုးရွားခြင်းအပေါ် အာရုံစိုက်ကြောင်း ယမန်နေ့ ၂၄ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ကင်ရွှမ်က မိမိတို့သည် အကြမ်းဖက် တိုက်ခိုက်မှုတွင် သေကြေဒဏ်ရာ ရရှိမှုအပေါ် တုန်လှုပ်မိပြီး ယင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချကြောင်း၊ တရုတ်ပြည်ဘက်သည် သေဆုံးသူများအတွက် ဝမ်းနည်းမိပြီး ဒဏ်ရာရရှိသူများနှင့် ကျန်ရစ်သူ မိသားစုများအား နှစ်သိမ့်အားပေးကြောင်း ပြောကြားသည်။

   Webradio