• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်သမား ၃၀ ဦး ဖိလစ်ပိုင်စစ်ဖက် ပစ်သတ်

(GMT+08:00) 2017-04-25 11:00:40

      ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့သည်၊ မကြာခင်က ဖိလစ်ပိုင်တောင်ပိုင်း Lanao del Sur ပြည်နယ်တွင် အစိုးရဆန့်ကျင်ရေးလက်နက်ကိုင် Maute အဖွဲ့ မှ အဖွဲ့ဝင် ၃၀ ဦး ကို ပစ်သတ်ခဲ့ပြီး၊ ယင်းအဖွဲ့၏ တပ်စွဲရာစခန်းတစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်ဖက်မှ ၂၄ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

Maute အဖွဲ့ မှာ ဖိလစ်ပိုင်တောင်ပိုင်းဒေသတွင် လှုပ်ရှားနေသော အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ဗုံးဖောက်ခွဲမှုနှင့် ပြန်ပေးဆွဲမှုများကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ဖူးကြောင်းသတင်းအရသိရသည်။

   Webradio