• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ ထိပ်သီးအစည်းအဝေးကို ရည်စူးသည့် အကြမ်းဖက် ခြိမ်းခြောက်မှု တွေ့ရှိခြင်း မရှိဟု ဖိလစ်ပိုင် ဆို

(GMT+08:00) 2017-04-25 10:30:36

အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးအစည်းဝေးကို ယခု သီတင်းပတ်တွင် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ဖိလစ်ပိုင် အစိုးရက၊ ယခုအကြိမ် အစည်းအဝေးကို ရည်စူးသော အကြမ်းဖက် ခြိမ်းခြောက်မှု တွေ့ရှိခြင်း မရှိဟု ၂၄ ရက်နေံက အလေးအနက် ဖေါ်ပြခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ ရဲချုပ် ဒေလာရိုစာသည် တစ်ပြည်လုံးရှိ ရဲ ၁ သိန်း ၆ သောင်းကျော် တို့သည် ၂၄ ရက်နေ့မှ စ၍ ဘက်စုံ သတိထားကာ အသင့်အခြေအနေ ထားရန်လည်း အမိန့်ချမှတ် ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio