• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ် ပြဿနာ ဖြေရှင်းရန် ဆင်ခြင် ဆောင်ရွက်သင့်

(GMT+08:00) 2017-04-25 10:27:52

ယခုတလောတွင် အမေရိကန်နှင့် မြောက်ကိုးရီးယားတို့ ရန်ငြိုးထား၊ ဆန္ဒ ပြနေ သဖြင့် ကိုးရီးယား ကျွန်းဆွယ် အခြေအနေသည် အဆက်မပြတ် ပြင်းထန် ဆိုးဝါးလာနေသည်။ ယခုလ ၂၄ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အမေရိကန် သမ္မတ ထရန့်နှင့် တယ်လီဖုန်း ဆက်သွယ်ပြီး ကိုးရီးယား ကျွန်းဆွယ် အခြေအနေ အပါအဝင် ပြဿနာများကို ဆွေးနွေးခဲ့ကြသည်။ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖေါက်သော လုပ်ရပ်ကို ပြတ်ပြတ် သားသား ကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာတု့သည် ကိုးရီးယားကျွန်းဆွယ် အခြေအနေ ပိုမ တင်းမာစေဖို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါသည်။

၂၃ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ ယခုတလောတွင် ဆန္ဒပြခြင်းနှင့် ရန်ငြိုးထားခြင်း လွန်စွာ များပြီ ဖြစ်သဖြင့် မိမိတို့သည် ငြိမ်းချမ်းပြီး ဆင်ခြင်ဥာဏ် ရှိသည့် အသံ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

မြောက်ကိုးရီးယားနိုင်ငံ နျူကလီးယား ပြဿနာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ သဘောထားရပ်တည်ချက်သည် တလျှောက်လုံး ရှင်းလင်းပြတ်သားပါသည်။ တရုတ် နိုင်ငံသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားမဲ့ ဖြစ်စေရေးကို စွဲကိုင်ပြီး ကိုးရီးယား ကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းရန် စွဲကိုင်ကာ ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်း ပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် ပြဿနာ၏ အမြုတေကျရာ မဟုတ်ကြောင်း၊ ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာသည် စင်စစ်အားဖြင့် လုံခြုံရေးပြဿနာနှင့် အမေရိကန်၊ မြောက်ကိုးရီးယား ဆက်ဆံမှု ပြဿနာ ဖြစ်ကြောင်း၊ ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာကို ဖြေရှင်းရန် သော့ချက်သည်လည်း တရုတ်ပြည် လက်ဝယ်၌ ရှိသည် မဟုတ်ဘဲ အမေရိကန်နှင့် မြောက်ကိုးရီးယားတို့၏ လက်ဝယ်၌ ရှိခြင်း ဖြစ်ကြောင်း၊ ကိုးရီးယားကျွန်းဆွယ် ပြဿနာ ဖြေရှင်းရာတွင် ထင်ရာစိုင်း လုပ်၍ မရဘဲ ဆင်ခြင်ဥာဏ်ရှိရှိ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သုံးသပ်ကြပါသည်။

   Webradio