• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ထရန့်နှင့် တယ်လီဖုန်း ဆက်သွယ်

(GMT+08:00) 2017-04-24 13:50:59

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၄ ရက်နေ့က အမေရိကန် သမ္မတ ထရန့်နှင့် တယ်လီဖုန်း ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နှင့် အမေရိကန်တို့သည် ရရှိပြီး သဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည်ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးအရှိန် ပိုမို ခိုင်မာလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ထရန့်ကလည်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် အရေးကြီးကိစ္စရပ်များနှင့် ပတ်သက်ပြီး အမြင်ချင်း ကူးလူးဖလှယ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့သည် လွန်စွာ အရေးကြီးကြောင်း၊ မိမိသည် တရုတ်ပြည်ခရီးစဉ်ကို စောင့်မျှော်နေကြောင်း ပြောကြားသည်။

ခေါင်းဆောင် နှစ်ဦးတို့သည် ကိုးရီးယားကျွန်းဆွယ် အခြေအနေနှင့် ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ 
   Webradio