• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ရေတပ် တည်ထောင်ခဲ့ခြင်း ၆၈ နှစ် ပြည့်ပြီ

(GMT+08:00) 2017-04-23 09:23:28
ယခုနှစ် ဧပြီလ ၂၃ ရက်နေ့သည် တရုတ် ရေတပ် တည်ထောင်ခဲ့သည့် ၆၈ နှစ် ပြည့်မြောက်နေ့ ဖြစ်သည်။ ယခု တရုတ် ရွှီကျိုး စစ်သင်္ဘောအုပ်စုသည် အနောက် ပစိဖိတ် ဒေသ၌ စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေပြီး ၂၅ သုတ်မြောက် စောင့်ကြပ် သင်္ဘောများသည် အေသင် ပင်လယ်ကွေ့၌ ပြည်တွင်းပြည်ပ ရေယာဉ်များအတွက် စောင့်ကြပ်မှုတာဝန်ကို ထမ်းဆောင်နေသည်။ တစ်ချိန်တည်းတွင် ချန်-၁၅ သင်္ဘောတင် တိုက်လေယာဉ်များ လေ့ကျင့်မှုလည်း ပြုလုပ်နေပြီး အရှေ့ပင်လယ်နှင့် တောင်ပင်လယ်ဒေသများတွင် ရေတပ် တိုက်လေယာဉ်များလည်း ပုံမှန် ကင်းလည့်တာဝန်များကို ဆောင်ရွက်နေပါသည်။ တရုတ် ရေတပ်ဖွဲ့သည် ကမ္ဘာ့ ရှေးပြေး ခေတ်မီ ရေတပ် ဖြစ်အောင် ကြိုးပမ်းနေပါသည်။
   Webradio