• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ကဲစွာ ကုန်ထုတ်လုပ်မှု ပြဿနာ ဖြေရှင်းရာတွင် အလုပ်ဆုံးရှုံးမှု မဖြစ်စေရန် အာမခံပေးရမည်ဟု လီခေ့ချန် ဆို

(GMT+08:00) 2017-04-23 08:45:37

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် တရုတ်ပြည် စမ်းတုန်းပြည်နယ်၌ လုပ်ငန်း လေ့လာ ကြည့်ရှုရာတွင်၊ လွန်ကဲစွာ ကုန်ထုတ်လုပ်မှု ပြဿနာ ဖြေရှင်းရာတွင် အလုပ်သမားများ၏ တရားဝင် အကျိုးစီးပွါး၊ အခွင့်အရေးနှင့် အခြေခံနေထိုင်မှုဘဝကို အားမခံပေးရမည် ဖြစ်ကြောင်း၊ အလုပ်သမားများ အလုပ်မဆုံးရှုံးစေရန်၊ အလုပ်နေရာ ပြန်လည်ချထားပေးရန် အာမခံပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio