• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုရီးယားကို နျူကလီးယားစမ်းသပ်မှုဆက်မပြုရန် လုံခြုံရေးကောင်စီ ပန်ကြား

(GMT+08:00) 2017-04-21 14:55:47

      ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်၊ ယခုလ ၂၀ ရက်နေ့က မီဒီယာ ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ရာ၊ ယခုရက်များအတွင်း မြောက်ကိုးရီးယားမှ ပြုလုပ်သည့် ဒုံးကျည် ပစ်လွှတ်ခြင်းအပေါ် ပြစ်တင်ရှုတ်ချပြီး၊ မြောက်ကိုးရီးယားအနေနှင့်၊ နျူကလီးယား စမ်းသပ်မှုဆက်လက်မပြုလုပ်ရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ယင်းကြေညာချက်တွင်၊ လုံခြုံရေးကောင်စီက၊ မကြာမီက မြောက်ကိုးရီးယား၏ နောက်ဆုံးအကြိမ် ဒုံးကျည်ပစ်လွှတ်ခြင်းအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး၊ လုံခြုံရေး ကောင်စီမှ အတည်ပြုဆုံးဖြတ်ချက်ကို ဖောက်ဖျက်သည့် ဆောင်ရွက်မှုများချက်ချင်းရပ်စဲ ကာ၊ သက် ဆိုင်ရာ အတည်ပြုဆုံးဖြတ်ချက်ကို ဘက်စုံလိုက်နာရန် ပန်ကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio