• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်မှ ပထမဆုံး ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် ထျန်ဂျို- အမှတ် ၁ အောင်မြင်စွာ လွှတ်တင်

(GMT+08:00) 2017-04-21 14:54:17

      တရုတ်ပြည်မှ ပထမဆုံး ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် ထျန်ဂျို-အမှတ် ၁ ကို ယခုလ ၂၀ ရက်နေ့ ည ၇ နာရီ ၅၁ မိနစ်ခန့်က ဝန်ချမ်-အာကာသလွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ထျန်ဂျို-အမှတ် ၁ သည် တရုတ်ပြည်က ကိုယ်တိုင် တည်ဆောက်ခဲ့သည့် ပထမဆုံး ကုန်ပစ္စည်းထောက်ပံ့ရေး  အာကာသယာဉ် ဖြစ်ပြီး၊ အာကာသတွင် လည်ပတ်နေသော ထျန်ဂုံ-အမှတ်၂ အာကာသဓါတ်ခွဲခန်းနှင့် ချိတ်ဆက်ကာ ဂြိုလ်ပတ်လမ်းကြောင်းအတွင်း လောင်စာဆီထောက်ပံ့ခြင်း ဆောင်ရွက်မည်ဟု သိရသည်။

   Webradio