• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရွှီချီးလျောင့်သည် မလေးရှားကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံ

(GMT+08:00) 2017-04-21 14:52:35

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင်ဒုဥက္ကဌ ရွှီချီးလျောင့်သည် အလည်အပတ်ရောက်ရှိနေသော မလေးရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဟေစာမူတီနှင့် ယခုလ ၂၀ ရက်နေ့က ပီကင်း၌ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ရွှီချီးလျောင့်က တရုတ်-မလေးရှားနှစ်နိုင်ငံပြည်သူများ၏ချစ်ကြည်ရေးသည် သမိုင်းရှည်ကြာကြောင်း၊  ဥက္ကဌရှိကျင့်ဖိန်နှင့်ဝန်ကြီးချုပ်နာဂျီဘ်တို၏ အလေးထားခြင်း နှင့်ဦးဆောင်မှုဖြင့် နှစ်နိုင်ငံက ဘက်စုံမဟာဗျူဟာဖိတ်ဖက်ဆက်ဆံရေးကို တည်ထောင်ခဲ့ကြောင်းပြောကြားခဲ့သည်။

ဟေစာမူတီက မလေးရှားနိုင်ငံသည် မလေးရှား-တရုတ်နှစ်နိုင်ငံတပ်မတော် ဆက်ဆံရေးကို ဖွံ့ဖြိုးရန် လွန်စွာအလေးထားကြောင်း ပြောကြားခဲ့သည်။

   Webradio