• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်းနိုင်ငံတကာ ရုပ်ရှင်ပွဲ "ထျန်းထန်ဆု"အတွက် ပြည်တွင်းပြည်ပ ရုပ်ရှင် ၁၅ခု ပါဝင်ယှဉ်ပြိုင်

(GMT+08:00) 2017-04-21 14:14:22

ပြည်တွင်းပြည်ပ ရုပ်ရှင် ၁၅ခုသည် ကျင်းပလျက်ရှိသော သတ္တမအကြိမ်မြောက် ပီကင်း နိုင်ငံတကာ ရုပ်ရှင်ပွဲ၏ "ထျန်းထန်ဆု"ဆယ်ဆု အတွက် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းရုပ်ရှင်များတွင် ပြင်သစ်ရုပ်ရှင် a kid၊ ဖင်လန်ရုပ်ရှင် Alma de Sautpete၊ ကနေဒါရုပ်ရှင် Dim the Fluorescents၊ တရုတ်ရုပ်ရှင် Mr.No Problemနှင့် Operation Mekong စသည်တို့ ပါဝင်ကြောင်း၊ ယခုအကြိမ် ပီကင်းနိုင်ငံတကာ ရုပ်ရှင်ပွဲ၏ မဲပေးရွေးချယ်ခြင်း ကော်မတီဝင်များတွင် ဒိန်းမတ်နိုင်ငံ နာမည်ကျော် ဒါရိုက်တာ Bille August၊ ပြင်သစ် နိုင်ငံ ရုပ်ရှင်မင်းသား Jean Renoနှင့် တရုတ် ရုပ်ရှင်မင်းသမီး Jiang Wenliစသည်တို့ ပါဝင်ကြောင်းလည်း သိရသည်။

   Webradio