• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ရုပ်ရှင်နှင့်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ထုတ်လွှင့်ပြသရေးစာချုပ် ချုပ်ဆိုပွဲ အခမ်းအနား မော်ရိုကိုနိုင်ငံတွင် ကျင်းပ

(GMT+08:00) 2017-04-21 10:31:39

ဒေသစံတော်ချိန် ဧပြီလ ၂၀ရက်နေ့က မော်ရိုကိုနိုင်ငံ အကြီးဆုံးမြို့ Casablancaမြို့ တွင် တရုတ်ရုပ်ရှင်နှင့်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ထုတ်လွှင့်ပြသရေးစာချုပ် ချုပ်ဆိုပွဲ နှင့် စတင် ထုတ်လွှင့်ပြသရေး အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

စီအာအိုင် အသံလွှင့်ဌာန ဌာနမှူး ဒုဝန်ကြီး ဝမ်ကင်းဥာဏ် နှင့် မော်ရိုကို 2M ရုပ်မြင်သံကြားဌာနမှ ဌာနမှူး စာလစ်မ် ရှေ့ဟ် တို့သည် ရုပ်ရှင်နှင့်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများ ထုတ်လွှင့်ပြသရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ချုပ်ဆိုခဲ့ကြကြောင်း၊ ယင်းစာချုပ်အရ စီအာအိုင်အသံလွှင့်ဌာနမှ အာရပ်ဘာသာစကား၊ ပြင်သစ်ဘာသာစကား ဖြင့် ဘာသာပြန်ထားပြီးပြုလုပ်သော ရုပ်ရှင်နှင့်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ၄ခုကို မော်ရိုကို 2M ရုပ်မြင်သံကြားဌာနမှတစ်ဆင့် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း၊ သတင်းရရှိ ပါသည်။

   Webradio