• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားပြဿနာအပေါ် တရုတ်မှ ရပ်တည်ချက် ယန်ကျယ်ချီဖော်ပြ

(GMT+08:00) 2017-04-20 13:01:48

       တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည်၊ ယခုလ ၁၉ ရက်နေ့က ပီကင်း၌ ဥရောပသမဂ္ဂနိုင်ငံခြားရေးနှင့် လုံခြုံရေးပေါ်လစီရေးရာ အဆင့်မြင့်ကိုယ်စားလှယ် Mogheriniနှင့်၊ ၇ ကြိမ်မြောက် တရုတ်-ဥရောပအဆင့်မြင့်မဟာဗျူဟာစေ့စပ်ဆွေးနွေးပွဲကို အတူကြီးမှူးကျင်းပခဲ့သည်။ အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ၌၊ ယန်ကျယ်ချီသည်၊ ဆီးရီးယားပြဿနာအပေါ် တရုတ်ပြည်၏ သဘောထားရပ်တည်ချက် ကို ရှင်းလင်းပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရသိရသည်။

 ယန်ကျယ်ချီက၊ ဓာတုလက်နက်သုံးစွဲသည့် တရားမဝင်လုပ်ရပ်မှန်သမျှကို တရုတ်ပြည်က ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ နိုင်ငံရေးနည်းလမ်းသည်၊ ဆီးရီးယား ပြဿနာ ကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု တရုတ်ပြည်က ယူဆ ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio