• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်ဆွယ်ပြဿနာနှင့်ပတ်သက်ပြီး ဘက်အသီးသီးတို့ ကိုယ့်ကိုကိုယ် ထိန်းချုပ်ရန် ရုရှားပန်ကြား

(GMT+08:00) 2017-04-20 10:04:17

        ရုရှားသမ္မတ၏ သတင်းပြန်ကြားရေးအတွင်းရေးမှူး ပေ့စ်ကော့ဖှ်က မျက်မှောက်အချိန်တွင် ကိုးရီးယားကျွန်ဆွယ် အခြေအနေသည် ခန့်မှန်းရခက်ခဲစွာ ဆိုးဝါးသွားနိုင်ဖွယ်ရာ ရှိကြောင်း၊ ၄င်းအပေါ် ရုရှားနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ပြီး ဘက်အသီးသီးတို့အနေနှင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်ရန် ပန်ကြားကြောင်း ယခုလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခန်းက တရုတ်ပြည်ဘက်သည် မကြာခင်ရက်များက မြောက်ကိုးရီးယားနိုင်ငံ၏ နျူကလီးယား ဒုံးကျည် ထုတ်လုပ်မှုအပေါ် အလွန် အာရုံစိုက်ပြီး ဖီရန်ပြိုင်မှုပိုမို ဆိုးဝါးစေနိုင်သော အပြောအဆိုနှင့် အပြုအမူ မှန်သမျှကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ယခုလ ၁၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု သတင်းအရ သိရပါသည်။

   Webradio