• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကမ်းပါးစောက်နေရာမှာ တာ့ဖား ရေမြောင်း

(GMT+08:00) 2017-04-19 13:09:28

တရုတ်ပြည် အနောက်ပိုင်းဒေသရှိ ကျွေးယိမြို့ တောင်တန်းဒေသမှာ တာ့ဖား ရေမြောင်း အမည်ဖြစ်တဲ့ နာမည်ကြီး ရေမြောင်း တစ်ခု ရှိတယ်။ ဒေသခံ လယ်သမား ဟွမ်တာ့ဖားဟာ ၃၆ နှစ်ကြာ အချိန်ယူပြီး ရွာသူရွာသားများကို ဦးဆောင်ကာ မီတာ ၃၀၀ မြင့်တဲ့ တောင်ကမ်းပါးစောက်နေ့ရာမှာ မီတာ ၁ သောင်းကျော် ရှည်လျားတဲ့ ရေမြောင်း တစ်ခုကို တူးဖေါ်ပေးခဲ့ပါတယ်။

ယခင်က ထွမ်ကျယ်ရွာဟာ အလွန်ဆင်းရဲတဲ့ ရွာတစ်ရွာ ဖြစ်ပြီး စိုက်ပျိုးမြေ နည်းပါးတဲ့အပြင် ရေချို့တဲ့မှု ပြဿနာလည်း တော်တော် ပြင်းထန်ပါတယ်။

အဲဒီရေမြောင်းဟာ တောင် ၃ လုံး ဖြတ်ကူးပြီး တချို့ရေမြာင်းနေရာတွေဟာ မီတာ ၃၀၀နဲ့ ၄၀၀ မီတာလောက် မြင့်တဲ့ တောင်ကမ်းပါးစောက်မှာ တည်ရှိပါတယ်။ ရေမြောင်းကို တူးဖေါ်ခဲ့စဉ်မှာ ဟွမ်တာ့ဖားနဲ့ ရွာသူရွာသားများဟာ လူအားရော ငွေအားပါ အခက်အခဲ အမျိုးမျိုးကို ကျော်လွှားခဲ့ရပါတယ်။

ရေမြောင်း တူးဖေါ်ဆောက်လုပ်ပြီးနောက် ရွာသူရွာသားများဟာ စိုက်ပျိုးရေး၊ မွေးမြူရေး စတာတွေကို လုပ်ဆောင်ပြီး ရွာသူရွာသားများရဲ့ နေထိုင်မှုဘဝဟာ တဖြည်းဖြည်း တိုးတက် ကောင်းမွန်လာပါတယ်။

လယ်သမား ထမ်အင်ကျူက၊ (အသံ ၃) ရေမြောင်း မရှိတဲ့အခါ ရေ ချို့တဲ့လို့ နွားတောင် မမွေးမြူ ရဲဘူး။ အခု ဆိုရင် လူရော နွားပါ သောက်သုံးရေ ဖူဖူလုံလုံ ရှိနေပြီလို့ သတင်းထောက်ကို ပြောပြတယ်။ နှစ် ၂၀ ကျော်တုန်းက ထမ်အင်ကျူ မိသားစုရဲ့ တစ်နှစ် ဝင်ငွေဟာ ယွမ် ၃၀၀၀ တောင် မရှိဘူး။ ရေရှိလာပြီးနောက် နွားမွေးမြူတာနဲ့ အခု သူတို့ မိသားစုရဲ့ တစ်နှစ် ဝင်ငွေဟာ ၇ သောင်း ၈ သောင်းအထိ တိုးလာပါပြီ။

ဟွမ်တာ့ဖားကလည်း (အသံ ၄) ယခင် ရေမြောင်း မရှိတဲ့အခါ ကျွန်တော်တို့ ရွာထဲမှာ ၁၆ ဟက်တာ ရှိတဲ့ စိုက်ပျိုးမြေမှာ ဆန် ကီလိုဂရမ် ၃ သောင်းပဲ ထွက်နိုင်တယ်။ ရေ အရင်းအမြစ် ရှိလာပြီးနောက် စိုက်ပျိုးမြေဟာ ဟက်တာ ၅၀ အထိ တိုးချဲ့လာပြီး ဆန် အထွက် ပမာဏဟာလည်း နှစ်စဉ် ကီလိုဂမ် ၄ သိန်း အထိ တိုးများလာပြီလို့ ပြောတယ်။

လယ်သမားများဟာ သူတို့ရဲ့ ကံကြမ္မာ ပြောင်းလဲစေတဲ့ အဲဒီ ရေမြောင်းကို တာ့ဖား ရေမြောင်းလို့ အမည် ပေးထားတယ်။

   Webradio