• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်-ဂျပန် မဟာမိတ်ဆက်ဆံရေး ဆက်လက်တောင့်တင်းခိုင်မာရမည်ဟု ကန် ဒုသမ္မတ ဆို

(GMT+08:00) 2017-04-19 12:17:02

အမေရိကန်နှင့်ဂျပန် နှစ်နိုင်ငံတို့သည် ဆက်လက် နွေးထွေးစွာ ပူးပေါင်းဆောင်ရွက်မည့် အပြင် မဟာမိတ်ဆက်ဆံရေးကို တစ်ဆင့်တိုးခိုင်မာမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် ခရီးလှည့်လည်နေသော အမေရိကန်နိုင်ငံ ဒုသမ္မတ ဘန်စ်က ဧပြီလ ၁၈ရက်နေ့တွင် ပြောကြားခဲ့သည်ဟု၊ ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုနေ့တွင်ပင် ဘန်စ် နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးတို့သည် တွေ့ဆုံပွဲကျင်းပခဲ့ရာ၊ အမေရိကန်-ဂျပန် မဟာမိတ် ဆက်ဆံရေးကို တစ်ဆင့်တိုး တောင့်တင်းခိုင်မာခြင်း၊ အမေရိကန်-ဂျပန် နိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး အစည်းအဝေးများကို အမြန်ဆုံး ကျင်းပခြင်း စသော ပြဿနာများနှင့်ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြောင်း၊ သတင်း ရရှိပါသည်။

   Webradio