• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လိကျန့်စူးသည် ရုရှားသို့ခရီးလှည့်လည်မည်

(GMT+08:00) 2017-04-19 11:04:25

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လုခန်းကရုရှားနိုင်ငံ ပြည်ထောင်စုသမ္မတရုံးဥက္ကဌ ပြာအီနို၏ ဖိတ်ကြားချက်အရ  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ ဗဟိုအတွင်းရေးမှူးရုံး အတွင်းရေးမှူးလိကျန့်စူးသည် ယခုလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရုရှားနိုင်ငံသို့ သွားရောက် ခရီးလှည့်လှည်မည်ဖြစ်ကြောင်း ယမန်နေ့ ၁၈ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

လုခန်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရုံးဥက္ကဌနှင့် ရှရှားသမ္မတရုံးဥက္ကဌသည် ၂၀၁၄ ခုနှစ်တွင် ညှိနှိုင်းဆွေးနွေးရေးစနစ်ကို တည်ထောင်ခဲ့ပြီး တစ်နှစ်တစ်ကြိမ် အပြန်အလှန် ခရီးလှည့်လည်နေကြောင်းပြောကြားခဲ့သည်။

   Webradio