• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်းယမ်သည် ဥဇဘက်ကစ္စတန်ဧည့်သည်နှင့်တွေ့ဆုံ

(GMT+08:00) 2017-04-19 11:03:57

တရုတ်နိုင်ငံတော်ကောင်စီဒုဝန်ကြီးချုပ်ဝမ်းယမ်သည် ယခုလ ၁၈ ရက်နေ့ ညနေပိုင်းက ကျွန်းနန်ဟိုင်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ ဒုဝန်ကြီးချုပ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းတာတမံဝန်ကြီးဌာန ဝန်ကြီး Mirzaev Zoyir ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ဝမ်းယမ်က တရုတ်-ဥဇဘက်ကစ္စတန်နှစ်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်ပြီးအပြန်အလှန်ဖြည့်စွက်ဖွယ်ရာများစွာရှီပြီး ပူးပေါင်းဆောင်ရွက်ရေးအလားအလာကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

Mirzaev Zoyirက ဥဇဘက်ကစ္စတန်နိုင်ငံသည် တရုတ်နှင့်ဆက်ဆံရေးကိုလွန်စွာ အလေးထားကြောင်း၊ တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး နှစ်နိုင်ငံလယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုဆက်တိုက်တွန်းအားပေးလိုကြောင်းပြောကြားသည်။

   Webradio