• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ရုရှားဆက်ဆံမှု ရုရှားဆိုင်ရာ တရုတ်သံအမတ်ကြီးပြောဆို

(GMT+08:00) 2017-04-19 11:03:55

      ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဟွေးက၊ ၂၀၁၇ခုနှစ်မှာ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုဆက်လက်နက်ရှိုင်းစွာဖွံ့ဖြိုး သွားမည့် အရေးကြီးနှစ်တစ်နှစ်ဖြစ်ပြီး၊ နှစ်နိုင်ငံဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးတွင် အောင်မြင် မှုများစွာ ရရှိသွားမည်ဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

ရုရှားသတင်းထောက်များနှင့်တွေ့ဆုံခဲ့ရာ၌၊ လီဟွေးက၊ လွန်ခဲ့သည့်နှစ်များအတွင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့မှ မဟာဗျူဟာဦးဆောင်မှုအရ၊ တရုတ်-ရုရှားဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုသည်၊ အရှိန်အဟုန်ဖြင့် တိုးတက်မြဲတိုးတက် လျက် ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio