• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှလုံးခွဲစိတ်ကုသရန်ရောက်ရှိနေ သည့် ကလေးငယ်များနှင့်မိဘများအားတွေ့ဆုံ

(GMT+08:00) 2017-04-19 10:55:54

မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အဖြစ် မြန်မာနိုင်ငံက မွေးရာပါနှလုံးရောဂါခံစားနေရသည့် ကလေးငယ်များအား တရုတ်နိုင်ငံ ပီကင်းမြို့ရှိ Anzhen ဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးသွားမှာဖြစ်ပါသည်။ မြန်မာနိုင်ငံက နှလုံးရောဂါခံစားနေရတဲ့ ကလေးငယ်(၅၄)ယောက်ကို ရွေးချယ်ပြီး (၄)သုတ်ခွဲကာ ခေါ်ယူ ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး ပထမသုတ်အဖြစ် ကလေးငယ်(၁၂)ဦးနှင့် ကလေးမိဘများသည် ဧပြီလ (၁၇)ရက်နေ့က ရောက်ရှိလာပြီး အဆိုပါနေ့ ညနေပိုင်း၌ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်ဇနီးက ပီကင်းမြို့ရှိ BEIJING QUANJUDE HEPINGMEN RESTAURANTတွင် တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရပါသည်။

             မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက တရုတ်နိုင်ငံတွင် ဆေးဝါးကုသနေစဉ် ကာလအတွင်း မြန်မာသံရုံးအနေနဲ့ လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ရေမြေခြားဖြစ်တာကြောင့် ကျန်းမာရေးကို ပိုမိုဂရုစိုက်ရန်နှင့် လိုအပ် သည့်ကိစ္စများကို ဆက်သွယ်အသိပေးပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ပါသည်။ ဆက်လက်ပြီး China Charity Federation ဥက္ကဌ Xu Yixuan က ခွဲစိတ်ကုသ ပေးမည့် လုပ်ငန်းစဉ်များနှင့် ပီကင်းမြို့တွင် အနားယူအပန်းဖြေလေ့လာမည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါသည်။

        မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးများနှင့်၎င်းတို့ရဲ့မိဘများ၊ မြန်မာနိုင်ငံမှ လိုက်ပါလာသော ဆ၇ာဝန်၊သူနာပြုနှင့် တာဝန်ရှိသူများသည် တရုတ်နိုင်ငံသို့ ရောက်ရှိ နေစဉ်ကာလအတွင်း ပီကင်းမြို့ရှိ သမိုင်းဝင် ထီရန်အားမန်ရင်ပြင်ကြီး၊ ဗုဒ္ဓမြတ်စွယ်တော် တိုက်နှင့် ကမ္ဘာကျော်မဟာတံတိုင်းကြီးတို့ကိုလည်း သွားရောက်လေ့လာကြမည်ဖြစ် ကြောင်း သိရပါသည်။

   Webradio