• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ ၃လပတ် တရုတ် ဂျီဒီပီ တိုးနှုန်း လျာထားချက်ထက် ပိုများ

(GMT+08:00) 2017-04-18 15:04:08

ယခုလ ၁၇ရက်နေ့က တရုတ် အမျိုးသား စာရင်းအင်းဌာနမှ ထုတ်ပြန်သော စာရင်းတွင် ယခုနှစ် ပထမ ၃လပတ်က တရုတ်ပြည်၏ ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့၉ရာခိုင်နှုန်း တိုးလာကြောင်း၊ ယမန်နှစ် ဒုတိယ နှစ်ဝက်ပိုင်းက အမျိုးသား စီးပွားရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အခြေအနေကို ထိန်းသိမ်းထားနိုင်ကြောင်း၊ အဓိက စီးပွားရေး ကိန်းညွှန်းများသည် မူလလျာထားသည်ထက် ပိုမိုကောင်းမွန်ကြောင်း၊ ယင်းသည် ယခုနှစ် အစဦးပိုင်း တရုတ် စီးပွားရေး အခြေအနေ ကောင်းမွန်သည်ကို အပြည့်အဝ ပြဆို နေကြောင်း၊ မရေရာမှုများ ရှိသော ကမ္ဘာ့ စီးပွားရေး အပေါ် ယုံကြည်မှု တိုးပွားစေမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

တရုတ် အမျိုးသား စာရင်းအင်း ဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်ရှင်းယုံက ချုံပြီး ပြောရလျှင် ယခုနှစ် ပထမ ၃လပတ်က အမျိုးသား စီးပွားရေးသည် တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေး တိုးနှုန်း အနည်းငယ် ပြန်လည် တိုးလာကာ ဖွဲ့စည်းပုံ ထိန်းညှိမှုကို ဆက်တိုက် တွန်းအားပေးနေကြောင်း၊ ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့် ဆောင်ရွက်ပြီး ပြည်သူများ၏ စားဝတ်နေရေးကို လက်တွေ့ထိရောက်စွာ ဇောက်ချ ပြုလုပ်ကာ စီးပွားရေး လည်ပတ်မှု ကောင်းမွန်ကြောင်း၊ သို့သော် နိုင်ငံတကာ အခြေအနေသည် ရှုပ်ထွေးနေသေးပြီး ပြည်တွင်း စီးပွားရေး ဖွဲ့စည်းပုံ ဆိုင်ရာ ပြဿနာများ ထင်ရှားနေသေးကာ လက်ရှိအချိန်၏ ကောင်းမွန်သော စီးပွားရေး အခြေအနေကို ထိန်းသိမ်းထားနိုင်အောင် တစ်ဆင့်တိုး အားထုတ်ကြိုးပမ်းရန် လိုအပ်နေသေးကြောင်း ပြောကြားသည်။

   Webradio