• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာသံအမတ်ကြီး ဦးဆောင်သည့် မြန်မာမိသားစုများ မြန်မာနှစ်သစ်ကူး အလှူအဖြစ် လင်းကွန်းကျောင်းတော်၌ အလှူဒါနပြုလုပ်

(GMT+08:00) 2017-04-18 14:13:38

မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇)ရက် မနက်(၉) နာရီက မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်းနှင့်မိသားစုဦးဆောင်သည့်တရုတ်နိုင်ငံရောက် မြန်မာ မိသားစုများ၊ ပညာတော်သင်ကျောင်းသားကျောင်းသူများသည် မြန်မာနှစ်သစ်ကူး အလှူအဖြစ် တရုတ်နိုင်ငံ ပီကင်းမြို့ရှိ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်တော်မူရာ လင်းကွန်းကျောင်းတော်ကြီးတွင် ကုသိုလ်ဒါနပြုပွဲ ပြုလုပ်ခဲ့ပါသည်။  အခမ်းအနား တွင် သံအမတ်ကြီး ဦးဆောင်တဲ့ မြန်မာမိသားစုများက လင်းကွန်းကျောင်းတော် ဆရာတော်ဘုရားကြီးအမှူးပြုသည့် ဆရာတော်သံဃာတော်များအား ပူဇော် ကန်တော့ကြကာ  လူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်ပြီး ဆ၇ာတော်ကြီးအမှူးပြုသည့် ဆရာတော်သံဃာတော်များက ဗုဒ္ဓရဲ့တ၇ားတော်များကို ရွတ်ပွားခဲ့ကြပြီး လင်းကွန်းကျောင်းတော် ဆရာတော်ဘု၇ားကြီးက နှစ်သစ်ကူးဆုမွန် ချွေသြ၀ါဒစကား မိန့်ကြားခဲ့ပါတယ်။   အဲဒီနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု (၃)ကြိမ်ရွတ်ဆိုပြီး ရုပ်သိမ်းခဲ့ပါတယ်။ အခမ်းအနားအပြီးမှတော့ မြန်မာ မိသားစုများက ဗုဒ္ဓမြတ်စွယ်တော်အား အနီးကပ် ဖူးမြော်ပူဇော်ခဲ့ကြကြောင်း သိ၇ပါ သည်။ 

နှစ်ဆန်း(၁)၇က်နေ့မှာ ကောင်းမှုကုသိုလ်ပြုလုပ်ရတာနှင့် ပတ်သက်ပြီး "ကျနော်တို့ က ဗုဒ္ဓဘာသာတွေဖြစ်ပါတယ်။ အဲဒါကြောင့် အထူး ၀မ်းမြောက်ပါတယ်။ နောက် ဒီပွဲကို ကျင်းပရတာလည်း ကျနော်တို့သံ၇ုံးဝန် ထမ်းတွေ၊ မြန်မာကျောင်းသူ ကျောင်းသားတွေရဲ့ချွေးနည်းစာနှင့် မြန်မာ့ရိုးရာ မုန့်လက်ဆောင်း၊ ရွှေရင်အေးစတဲ့ ဆွမ်းခဲဖွယ်တွေနှင့် ဆရာတော်၊ သံဃာတော်တွေကို လှူဖွယ်ဆပ်ကပ်လှူဒါန်းကြ တယ်။ နောက် လာရောက်တဲ့ ဘုရားဖူး ဧည့်သည် တွေကို စတုဒီသာကျွေးကြတယ်။ ဒါအတွက်ကြောင့် ကျနော်တို့အနေနဲ့ နှစ်သစ်ကူးကာလမှာ မြန်မာပြည်ကို ပြန်ေ၇ာက် သလိုခံစားရပါတယ်။ နောက်တစ်ခုက လည်း နှစ်နိုင်ငံချစ်ကြည်ရေး တိုးတက်စေရေး မျှော်မှန်းပြီးတော့ ကျင်းပရတာလည်းဖြစ်ပါတယ်" လို့ ဒီအခမ်းအနားကို ဦးဆောင် ကျင်းပတဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်းက ပြောကြား ပါသည်။

တရုတ်နိုင်ငံကို ကျောင်းလာတက်နေတဲ့ ကိုသီဟကျော် ကလည်း "ဒါဟာ ကျနော်တို့အတွက် တကယ်ကို မြန်မာနိုင်ငံက ကျောင်းသားတွေအနေနဲ့ မြန်မာ နှစ်သစ်ကူးသင်္ကြန်ကို လွမ်းနေတဲ့ အချိန်မှာ အခုလို အားလုံးနှင့်ပျော်ပျော်ရွှင်ရွှင် ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးရင်းနှင့် သီလယူကြတယ်၊ ဆရာတော်တွေ ကိုကန်တော့ ခွင့်ရတယ်၊ ကိုယ့်ဆရာသမား အမျိုးတွေနှင့် ပြန်ဆုံတွေ့ခွင့်ရတဲ့ နွေးထွေးတဲ့ အသိုက် အ၀န်းတစ်ခုကို ခံစားရတဲ့ပီတီဟာ အရမ်းကိုပျော်ရွှင်ရပါတယ်။ ရေပတ်ကစားကြ တယ်၊ စတုဒီသာကျွေးကြတယ် ဒါတွေဟာ အေးချမ်းမှု တွေကို ခံစားရစေပါတယ်။ နောက်နှစ်တွေမှာလည်း ပိုမိုပျော်ရွှင်တဲ့ မိသားစုအသိုက်အ၀န်းတွေဖြစ်စေချင်တယ်" လို့ ပြောဆိုထားပါသည်။

" သံအမတ်ကြီး ဦးစီးပြီးလုပ်တဲ့ မြန်မာနှစ်သစ်ကူးကတော့ ကျနော်တို့ အတွက် ပြောရမယ်ဆိုရင် တစ်နှစ်တစ်ခါ ပွဲတော်ကြီးလို့ ပြောရပါမယ်။ မြန်မာနိုင်ငံမှာ ဆို၇င် ရေပက်ကစားကြပြီး ပျော်ရွှင်နေကြ ချိန်မှာ ကျနော်တို့က ဒီမှာ နှစ်ဆန်း(၁)၇က် နေ့မှာ စွယ်တော်ကို ဖူးမြော်ခွင့်ရတာဟာ ကျနော်တို့ အတွက် အရမ်းကုသိုလ်ထူး ပါတယ်။ ကျနော်တို့ ကျောင်းသားတွေ အတွက်က တစ်နှစ်ကိုတစ်ကြိမ် ဒီပွဲလေးကို စောင့်မျှော်နေကြရတယ်၊ ဒါကြောင့် ဒီရက်ဟာ ကျနော်တို့ အတွက် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်တယ် "လို့ ပညာတော်သင် ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုထိုက်လွင်ကို က ပြောပါသည်။

အခုလို လင်းကွန်းကျောင်းတော်ကြီးမှာ မြန်မာနှစ်ဆန်း (၁)၇က်နေ့ နှစ်သစ်ကူးအလှူအဖြစ် ပြုလုပ်လာခဲ့တာဆိုရင် မြန်မာသံ အမတ်ကြီး အစဉ်အဆက်ပြု လုပ်လာခဲ့ကြပြီး လက်ရှိ မြန်မာသံအမတ်ကြီး အနေနဲ့ကတော့ သူ့၏တာဝန် သက်တမ်း ကာကအတွင်း (၃)ကြိမ်မြောက် ဦးဆောင်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါသည်။

   Webradio