• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားအား လိုအပ်သော ဆောင်ရွက်ချက်မှန်သမျှဖြင့် အခြေအနေတင်းမာမှုကို လျော့ချရန် ကုလသမဂ္ဂ ပန်ကြား

(GMT+08:00) 2017-04-18 13:07:25

ကိုးရီးယားကျွန်းဆွယ်အခြေအနေ အရှိန် မြင့်လာခြင်းအပေါ် ကုလသမဂ္ဂ အနေနှင့် များစွာအလေးထားပြီး မြောက်ကိုးရီးယားအား လိုအပ်သော ဆောင်ရွက်ချက် မှန်သမျှဖြင့် အခြေအနေတင်းမာမှုကို လျော့ချရန် ပန်ကြားခဲ့ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရိခ် က ဧပြီလ ၁၇ ရက်နေ့က  ပြောကြားခဲ့ သည်ဟု၊ ဆင်ဟွာသတင်းအရ သိရပါသည်။

လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာဆုံးဖြတ်ချက်များကို ဘက်စုံကျင့်သုံးဆောင်ရွက် ရကြောင်း၊ လုံခြုံရေးကောင်စီသည် ငြိမ်းချမ်းရေး၊ သံတမန်ရေး၊ နိုင်ငံရေး နည်းလမ်းများဖြင့် ဖြေရှင်းရေး နည်းလမ်းများရရှိရန် တွန်းအားပေးမည်ဟု အမြဲတမ်းပြောကြားကြောင်း၊ ဒူဂျာရိခ် က ပြောကြားခဲ့ပါသည်။

   Webradio