• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ ငြိမ်ချမ်းတည်ငြိမ်မှု အတွက် အကျိုးရှိဟု မြန်မာ သမ္မတ ဆို

(GMT+08:00) 2017-04-18 10:34:21

မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေကို တွန်းအား ပေးနိုင်မည့်အပြင် ဒေသနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက်လည်း အကျိုးရှိမည် ဖြစ်ကြောင်း မကြာမီက ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

သမ္မတ ဦးထင်ကျော်က၊ တရုတ်နိုင်ငံသည် တလျှောက်လုံးဆိုသလို မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးသော နိုင်ငံလည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံသည့် အခြေခံပေါ်တွင် နှစ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက်ကို ဆက်လက် စွဲကိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

သမ္မတ ဦးထင်ကျော်က၊ မြန်မာအစိုးရသစ် တည်ထောင်ခဲ့သည့်နောက်ပိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး ခရီးလှည့်လည်ခဲ့သော အာဆီယံ မဟုတ်သော နိုင်ငံသည် တရုတ်နိုင်ငံ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည် ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံမှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည်လည်း မြန်မာ အစိုးရသစ် တည်ထောင်ခဲ့သည့်နောက်ပိုင်း ပထမဦးဆုံးသော နိုင်ငံခြား ဧည့်သည်တော် ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံက နှစ်နိုင်ငံ ဆက်ဆံမှုကို အရေးထားခြင်းကို ပြသနေကြောင်း ပြောကြားသည်။

မြန်မာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်ပြည်၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး သမ္မတ ဦးထင်ကျော်က၊ မြန်မာ ငြိမ်းချမ်းရေး အကောင်အထည်ဖေါ်ဆောင်ရေးတွင် တရုတ်ပြည်၏ အပြုသဘောဆောင်သော ကူညီမှုသည် လွန်စွာ အရေးကြီးကြောင်း၊ မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အထောက်အကူ ပြုနိုင်သော တရုတ်-မြန်မာ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ၂+၂ အဆင့်မြင့် တိုင်ပင်ဆွေးနွေးရေး အစည်းအဝေးကို နှစ်ကြိမ် ကျင်းပပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio