• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီနှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖုန်းဆက်

(GMT+08:00) 2017-04-17 11:07:35

တရုတ်နိုင်ငံတော်ကောင်စီဝင်ယန်ကျယ်ချီသည် ၁၆ရက်နေ့က ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရစ် တီလေဇန်နှင့်တယ်လီ ဖုန်းဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ယန်ကျယ်ချီက မကြာမီက ဥက္ကဋ္ဌရှီကျင့်ဖိန်သည် သမ္မတထရန့်နှင့် Mar-a-Lago၌ တွေ့ဆုံဆွေးနွေးခြင်းသည် တရုတ်-အမေရိကန်ဆက်ဆံမှုတိုးတက်ရေးအတွက် ဦးတည်ချက်ကို ညွှန်ပြခဲ့ကြောင်း၊ ထို့အပြင် ၁၂ရက်နေ့က ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် သမ္မတထရန့်တို့သည်  တယ်လီဖုန်းဆက်ပြီးအမြင်ချင်းဖလှယ်ကြကြောင်း၊ နောင်တွင် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံခေါင်းဆောင်တို့၏ ဆွေးနွေးပွဲနှင့် ဖုန်းဆက်ဆွေးနွေးမှုခြင်း၏ စိတ်ဓါတ်နှင့် သဘောတူညီမှုအရ ထိပ်သီးကူးလူးဆက်ဆံမှုနှင့် ဆွေးနွေးမှုကို တွန်းအားပေးပြီး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကို တိုးချဲ့ကာ အပြန်အလှန်လေးစားသော အခြေခံ၌ သဘောကွဲလွဲမှုများကို စီမံထိန်းချုပ်၍ တရုတ်-အမေရိကန်ဆက်ဆံမှုပိုမို တိုးတက်စေရန် တွန်းအားပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

ထို့အပြင် နှစ်ဦးနှစ်ဖက်တို့သည် ကိုးရီးယားကျွန်းဆွယ်အခြေအနေနှင့်ပတ်သက်၍ လည်းအမြင်ချင်းသဘောဖလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio