• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ငွေလဲလှယ်နှုန်း ကြိုးကိုင်လှုပ်ရှားသည့် နိုင်ငံများ" အမည်စာရင်းတွင် တရုတ်ပြည်ကို ထရမ့် အစိုးရ ထည့်သွင်းခြင်းမရှိ

(GMT+08:00) 2017-04-16 16:19:44
အဓိက ကုန်သွယ်ဖက်နိုင်ငံများကို ရည်ရွယ်ထားပြီး ယခုလ ၁၄ရက်နေ့က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ”နိုင်ငံတကာ စီးပွားရေးနှင့် ငွေလဲလှယ်နှုန်း မူဝါဒ အစီရင်ခံစာ”တွင် တရုတ်ပြည် အပါအဝင် အမေရိကန်၏ အဓိက ကုန်သွယ်ဖက်များသည် တရားမျှတမှု မရှိသော ကုန်သွယ်ရေး အားသာချက် ရရှိရန် ငွေလဲလှယ်နှုန်း ကြိုးကိုင်လှုပ်ရှားမှု မရှိကြောင်း၊ သို့သော် တရုတ်၊ ဂျပန်၊ ဂျာမဏီနှင့် တောင်ကိုးရီးယား အပါအဝင် စီးပွားရေး အုပ်စု ၆ခုကို ငွေလဲလှယ်နှုန်း မူဝါဒ ကြီးကြပ်ရေး အမည်စာရင်းတွင် ဆက်လက် ထားရှိမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။
   Webradio