• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စလိုဗေးနီးယားတွင် ကျန်းကောလိ ခရီးလှည့်လည်

(GMT+08:00) 2017-04-16 16:18:58

စလိုဗေးနီးယား နိုင်ငံတွင် ခရီးလှည့်လည်နေသော တရုတ် နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် ကျန်းကောလိသည် ယခုလ ၁၄ရက်နေ့က လူဘလျာနာမြို့တော်တွင် စလိုဗေးနီးယား နိုင်ငံ သမ္မတ Borut Pahorနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ကျန်းကောလိက တရုတ်ပြည်သည် စလိုဗေးနီးယား နိုင်ငံနှင့်အတူ အဆင့်မြင့် ကူးလူးဖလှယ်မှုနှင့် မူဝါဒချမှတ်ရေးဆိုင်ရာ ဆက်ဆံမှုကို အားဖြည့်ပြုလုပ်ပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးရေး မဟာဗျူဟာများ ညီညွတ်စေရေးကို တွန်းအား ပေးကာ One Belt and Road အတူ တည်ဆောက်ရေး မူဘောင်အတွင်း လက်တွေ့ကျ သောပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်လိုကြောင်း ပြောကြားသည်။

Borut Pahorက နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်းတွင် စလိုဗေးနီးယားနိုင်ငံသည် တရုတ်ပြည်နှင့် ဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်ရန် တလျှောက်လုံး ကြိုးပမ်းဆောင်ရွက်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို စွဲကိုင်ကြောင်း ပြောကြားသည်။

   Webradio