• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ဆောတိုမီနှင့်ပရင်စီပီနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-04-15 16:09:06

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ယခုလ ၁၄ ရက်နေ့က  ပီကင်းပြည်သူ့ ခန်းမဆောင်ကြီးတွင် တရုတ်ပြည်သို့ တရားဝင်ခရီးလှည့်လည်နေသော ဆောတိုမီနှင့် ပရင်စီပီနိုင်ငံဝန်ကြီးချုပ်Patrice Trovoadaနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်း အရသိရသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က၊ တရုတ်ပြည်သည်၊ တရုတ်-ဆောတိုမီနှင့်ပရင်စီပီသံတမန် ဆက်ဆံမှုပုံမှန်ပြန်ဖြစ်လာရေးအတွက်၊ ဝန်ကြီးချုပ် Trovoadaမှ အရေးကြီးစွမ်းဆောင်မှု အပေါ် တန်ဖိုးထားချီးကျူးပြီး၊ တရုတ်-ဆောတိုမီနှင့်ပရင်စီပီသံတမန် ဆက်ဆံမှု ပုံမှန် ပြန်ဖြစ်လာရေးသည်၊ ဆောတိုမီနှင့်ပရင်စီပီနိုင်ငံနှင့် ပြည်သူများ၏အကျိုးစီးပွားနှင့် ကိုက်ညီကြောင်းပြောကြားခဲ့သည်ဟု သိရသည်။

ဝန်ကြီးချုပ် Trovoada က၊ ဆောတိုမီနှင့်ပရင်စီပီ-တရုတ် သံတမန်ဆက်ဆံမှု ပုံမှန် ပြန်ဖြစ်လာခြင်းသည်၊ နှစ်နိုင်ငံဆက်ဆံမှုအ၏ အခန်းကဏ္ဍသစ်ကိုဖွင့်လှစ်ထားပြီး၊ နှစ်နိုင်ငံ ချစ်ခင်သော ပူးပေါင်းဆောင်ရွက်ရေးဆက်ဆံမှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။

 

   Webradio