• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်က ငွေလဲနှုန်းကိုနောက်ကွယ်၌ ကြိုးကိုင်ဆောင်ရွက်သောနိုင်ငံမဟုတ်ဟု ထရန့်ပြောဆိုခြင်းနှင့်ပတ်သက်ပြီး တရုတ်တုံ့ပြန်

(GMT+08:00) 2017-04-14 14:42:52

        ယခုလ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံ သမ္မတ ထရန့်က အမေရိကန်အစိုးရအနေနှင့် တရုတ်ပြည်အား ငွေလဲနှုန်းကို နောက်ကွယ်၌ ကြိုးကိုင်လုပ်ဆောင်သောနိုင်ငံအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လုခန်းက တရုတ်ပြည်သည် ငွေလဲနှုန်းကို နောက်ကွယ်၌ ကြိုးကိုင်လုပ်ဆောင်သောနိုင်ငံ မဟုတ်ကြောင်း၊ ယင်းသည် အဖြစ်မှန်ဖြစ်ကြောင်း၊ တရုတ်ယွမ်ငွေ ငွေလဲနှုန်းဆိုင်ရာ ရပ်တည်ချက်မှာ အစဉ်တစိုက် ရှင်းလင်းပြတ်သားပါကြောင်း ၁၃ ရက်နေ့က ပြောကြားသည်။

        လုခန်းက ပို့ကုန်ပမာဏ တိုးများစေရန်အတွက် တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းစေရန် အစီအစဉ်မရှိကြောင်း၊ မိမိအနေနှင့် အမေရိကန်နှင့်အတူ တန်းတူညီမျှပြီး အပြန်အလှန် အကျိုးရှိရေးမူကို အခြေခံပြီး နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှု ပိုမို ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

   Webradio