• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားအကြောင်း ဝမ်ယိပြောကြား

(GMT+08:00) 2017-04-14 14:42:23

        တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၁၃ ရက်နေ့က ပီကင်းမြို့၌ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး မာလ်ကီနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဆီးရီးယား အခြေအနေနှင့်ပတ်သက်ပြီး တရုတ်ပြည်ဘက်၏ ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဓာတုလက်နက် အသုံးပြုသည့် တရားမဝင် လုပ်ဆောင်ခြင်း မှန်သမျှကို တရုတ်ပြည်က ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေ တည်တံ့ ပြည့်စုံမှုကို ထိန်းသိမ်းပြီး အလေးစားသင့်ကြောင်း၊ ဆီးရီးယားပြဿနာ ဖြေရှင်းရာတွင် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်သည် တစ်ခုတည်းသော မှန်ကန်သည့် ဆောင်ရွက်ရေး နည်းလမ်းပင်ဖြစ်ကြောင်း  ဝမ်ယိက ပြောကြားသည်။

   Webradio