• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးအလ်ရော်နှင့် တွေ့ဆုံ

(GMT+08:00) 2017-04-14 11:08:00

တရုတ်နိုင်ငံတော်ကောင်စီဝင်ယန်ကျယ်ချီသည် ယခုလ ၁၃ ရက်နေ့က ပီကင်းတျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးအလ်ရော်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ယန်ကျယ်ချီက ယခု တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုသည် တည်ငြိမ်စွာ တိုးတက်လာနေကြောင်း၊ နှစ်ဘက်တို့သည် ထိပ်သီးကူးလူးဆက်ဆံမှု၊ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ လူမှုရေးယဉ်ကျေးမှုကူးလူးဖလှယ်မှုစသည့် နယ်ပယ် များ၌ တိုးတက်မှုများရရှိခဲ့ကြောင်း ပြောကြားသည်။

အလ်ရော်က ပြင်သစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို လွန်စွာအလေးထား ကြောင်း၊ OBOR ကမ်းလှမ်းချက်ကို ထောက်ခံကြောင်း ပြောကြားသည်။

နှစ်ဦးနှစ်ဘက်တို့သည် အတူဂရုစိုက်ကြသော နိုင်ငံတကာနှင့်ဒေသရေးရာများနှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရပါသည်။

   Webradio