• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ သုံးလအတွင်း တရုတ်ပြည် စီးပွါးရေး အခြေအနေ ကောင်းမွန်

(GMT+08:00) 2017-04-14 10:29:44

တရုတ် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူက၊ ယခုနှစ် ပထမ သုံးလအတွင်း တရုတ်ပြည် စီးပွါးရေးမှာ ဆက်လက် အရှိန်မှန်မှန်ဖြင့် တိုးတက်လာကြောင်း၊ အဓိက လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်း လုပ်ကိုင်ရေးစနစ်ကို စနစ်တကျ တွန်းအားပေးနေကြောင်း ယခုလ ၁၃ ရက်နေ့က ပြောကြား ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

သက်ဆိုင်ရာ သတင်းအရ ယခုနှစ် ပထမ သုံးလအတွင်း တစ်ပြည်လုံး လျှပ်စစ်ဓါတ်အား အသုံးပြုမှု ပမာဏမှာ ဘီလီယံ ၁၄၅၀ ကီလိုဝပ်နာရီခန့် ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၆့ ၉ ရာခိုင်နှုန်း တိုးလာကြောင်း၊ မီးရထား ကုန်စည် ပို့ဆောင်မှု ပမာဏမှာ ၁၅့ ၃ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ကုန်ထုတ်လုပ်မှု ဆိုင်ရာ PMI မှာ ၅၁့ ၈ ရာခိုင်နှုန်း ဖြစ်ပြီး ၆ လ ဆက်တိုက် ၅၁ ရာခိုင်နှုန်းကျော် ဖြစ်အောင် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပြောရေးဆိုခွင့်ရှိသူ ယန်ဖုန်ချင်က၊ ခြုံပြီးကြည့်လျှင် တရုတ်နိုင်ငံတွင် ဝယ်လိုအား အခြေအနေ တည်ငြိမ်ကြောင်း၊ သို့သော် ကုန်ထုတ်လုပ်မှု အလွန်အကျွံ ဖြစ်မှု ပြဿနာ တည်ရှိနေသေးကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ယန်ဖုန်ချင်က၊ ၂၀၁၆ ခုနှစ်ကစပြီး တရုတ်နိုင်ငံတွင် လုပ်ငန်း ကုမ္ပဏီ နှစ်သုတ်၏ ပိုင်ဆိုင်ရေးစနစ် ပြုပြင်ပြောင်းလဲမှု စမ်းသပ်ရေးလုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ပြီး တတိယအသုတ် လုပ်ငန်းကုမ္ပဏီများ၏ ပိုင်ဆိုင်ရေးစနစ် ပြုပြင်ပြောင်းလဲမှု စမ်းသပ်ရေးကိုလည်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio