• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားဘာသာဖြင့် "ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ပြောဆိုခြင်း" စာအုပ်သစ် ထုတ်ဝေဖြန့်ချိခြင်းသည် နှစ်နိုင်ငံ အပြန်အလှန် သိရှိနားလည်မှု တစ်ဆင့်တိုးပွားဟု ကမ္ဘောဒီးယား ပညာရှင်ဆို

(GMT+08:00) 2017-04-13 15:22:02

ယခုလ ၁၁ရက်နေ့က ကမ္ဘောဒီးယားဘာသာဖြင့် "ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံ အုပ် ချုပ်ရေး ပြောဆိုခြင်း" စာအုပ်သစ် ထုတ်ဝေဖြန့်ချိခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တော် တွင်ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်ဆင်သည် ၄င်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယား ဘုရင့် သုတေသန အကယ်ဒမီ ဥက္ကဋ္ဌ ခလော့ သီဒါနှင့် ကမ္ဘောဒီးယား ဘုရင့် အကယ်ဒမီ ကွန်ဖြူးရှပ် စာသင်ကျောင်း ကျောင်းအုပ်ကြီး ချယ် မူနီရစ်သီသည် စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာ ၄င်းစာအုပ်ကို ထုတ်ဝေဖြန့်ချိခြင်းသည် ကမ္ဘောဒီးယားနှင့် တရုတ် နှစ်နိုင်ငံ အကြား အပြန်အလှန် သိရှိနားလည်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး နယ်ပယ်တွင် နှစ်နိုင်ငံ၏ ကူးလူးဖလှယ်မှုကို တိုးမြှင့်ကာ ကမ္ဘေားဒီးယား-တရုတ် ချစ်ကြည်ရေးကို အဆက်မပြတ် ခိုင်မာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

စာအုပ်ထုတ်ဝေဖြန့်ချိခြင်း အခမ်းအနားတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က ၄င်းစာ အုပ်ကို ထုတ်ဝေးဖြန့်ချိခြင်း အပေါ် များစွာ ချီးကျူးကြောင်း၊ ၄င်းက ယင်းစာအုပ် သည် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ တိုင်းပြည်စီမံအုပ်ချုပ်ရေး ဆိုင်ရာ အရေးကြီး ခံယူချက်များကို ကမ္ဘောဒီးယား ပြည်သူများ သိရှိနားလည်ရန် အတွက် အထောက်အကူ ဖြစ်ကြောင်း၊ ယင်းသည် နယ်ပယ်အသီးသီးမှ နှစ်နိုင်ငံ ဆက်ဆံမှု တစ်နေ့တခြား နွေးထွေး လာခြင်းကို ဖော်ပြနေကြောင်းလည်း ပြောကြားသည်။

   Webradio