• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်က ငွေလဲနှုန်းကိုနောက်ကွယ်၌ ကြိုးကိုင်လှုပ်ရှားသောနိုင်ငံမဟုတ်ဟု ထရန့်ဆို

(GMT+08:00) 2017-04-13 11:10:26

    အမေရိကန်နိုင်ငံ သမ္မတ ထရန့်က၊ အမေရိကန်အစိုးရအနေနှင့် ယခုသီတင်းပတ် အတွင်း ထုတ်ပြန်မည့် အစီရင်ခံစာတစ်ရပ်တွင်၊ တရုတ်ပြည်အား ငွေလဲနှုန်းကို နောက်ကွယ်၌ ကြိုးကိုင်လှုပ်ရှားသောနိုင်ငံအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန် ဝေါစတရစ်ဂျာနယ်မှ ၁၂ ရက်နေ့ထုတ်သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းအရသိရ သည်။

ဝေါစတရစ်ဂျာနယ်မှ သတင်းထောက်နှင့်တွေ့ဆုံရာ၌၊ ထရန့်က၊ တရုတ်ပြည်သည်၊ ငွေလဲနှုန်းနောက်ကွယ်၌ ကြိုးကိုင်လှုပ်ရှားသောနိုင်ငံမဟုတ်ကြောင်း ပြောကြားသည့် အပြင်၊ လွန်ခဲ့ သည့် လများအတွင်း တရုတ်ပြည်မှ ငွေလဲနှုန်းကို နောက်ကွယ်၌ ကြိုးကိုင်ခြင်းမလုပ်ခဲ့ကြောင်း လည်း ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio