• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဗုဒ္ဓဘာသာအသင်း ကိုယ်စားလှယ်အဖွဲ့ မြန်မာ၌ ခရီးလှည့်လည်

(GMT+08:00) 2017-04-13 10:58:22

တရုတ် ဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌ ဆရာတော်ကြီး ရွှေချင် ဦးဆောင်သော တရုတ် ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ မြန်မာ နိုင်ငံ၌ ချစ်ကြည်ရေး ခရီးလှည့်လည်ခဲ့သည်။

၉ ရက်နေ့ နံနက်ပိုင်းက တရုတ် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ မဟာသံ ဃာ့နာယက အဖွဲ့သို့ သွားရောက်ပြီး ဆရာတော် ကုမာရနှင့် တွေ့ဆုံခဲ့သည်။ ဆရာတော်ကြီး ရွှေချင်က၊ ဗုဒ္ဓဘာသာသည် ဘာသာရေး ကိုးကွယ်မှုဆိုင်ရာ ပေါင်းကူးတံတား ဖြစ်သည့် အပြင် ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပေါင်းကူးတံတားလည်း ဖြစ်ကြောင်း ပြောကြားပါသည်။

ရန်ကုန်ခရီးစဉ်အပြီး တရုတ် ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့သည် ပုဂံမြို့သို့ ရောက်ရှိပါသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လက ဖြစ်ပွါးခဲ့သော အင်အားပြင်း ငလျင်ကြီးတွင် ပုဂံမြို့ရှိ စေတီပုထိုး ၃၈၉ ဆူသည် အနည်းနှင့် အများ ပျက်စီးခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် စေတီတော်များ ပြုပြင်မွမ်းမံရေးအတွက် တရုတ်ယွမ်ငွေ ၂ သိန်းကို လှူဒါန်း ပေးခဲ့သည်။

   Webradio