• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် မှတ်ပုံတင် လုပ်ငန်းကုမ္ပဏီ ပမာဏ တိုးလာ

(GMT+08:00) 2017-04-13 10:18:52

ယခုနှစ် ပထမ သုံးလအတွင်း တရုတ်ပြည် တစ်ပြည်လုံး အသစ် ပြုလုပ်လာသော မှတ်ပုံတင် လုပ်ငန်း ကုမ္ပဏီ ပမာဏမှာ အသင့်အတင့် လျင်မြန်စွာ တိုးများလာပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းတို့အနက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသော လုပ်ငန်းကုမ္ပဏီ ပမာဏမှာ ၁၅ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ် နိုင်ငံတော် စက်မှုနှင့် ကုန်သွယ်မှု ဦးစီးဌာနမှ ၁၂ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှ သတင်းအရ သိရပါသည်။

နိုင်ငံတော် စက်မှုနှင့် ကုန်သွယ်မှု ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ယူဖာချမ်က၊ ယခုနှစ် ပထမ သုံးလအတွင်း အသစ်ပြုလုပ်လာသော မှတ်ပုံတင် လုပ်ငန်းကုမ္ပဏီ ပမာဏမှာ ၃၅ သိန်း ၉ သောင်းကျော် ရှိပြီး နေ့စဉ် ပျမ်းမျှ ၄ သောင်းခန့် ရှိကြောင်း၊ အသစ် မှတ်ပုံတင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းကုမ္ပဏီ ပမာဏမှာ ၁ သောင်း ၁ ထောင်ကျော် ရှိပြီး မှတ်ပုံတင် ငွေရင်းမှာ အမေရိကန်ဒေါ်လာ ၈၅့ ၆ ရှိကာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၅ ရာခိုင်နှုန်း တိုးလာကြောင်း ရှင်းလင်းပြောကြားပါသည်။

အသစ် ထူထောင်သော လုပ်ငန်းကုမ္ပဏီ အမြောက်အများ တိုးလာခြင်းသည် တရုတ်ပြည်၏ အလုပ်အကိုင်နေရာချထားမှု တိုးမြှင့်ရေးနှင့် နိုင်ငံတော် အခွန် တိုးမြင့်ရေးအတွက် အကျိုးပြုနေကြောင်း သတင်းရရှိပါသည်။

   Webradio