• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့နှင့် အာဘူဇာယဲ့ဖ်လက်နက်ကိုင်အဖွဲ့ တိုက်ခိုက်မှုဖြစ်ပွား၊ လူ ၉ ဦးထက်မနည်းသေဆုံး

(GMT+08:00) 2017-04-12 16:15:13

        ဖိလစ်ပိုင်အစိုးရတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့သည် ယခုလ ၁၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသ ဘိုဟိုလ်ကျွန်း၌ အာဘူဇာယဲ့ဖ် လက်နက်ကိုင် တစ်တွဲ့နှင့် ဆုံတွေ့ပြီး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရာ လူ ၉ ဦးထက်မနည်း သေဆုံးကြောင်း ဖိလစ်ပိုင်စစ်ဘက်က ၁၁ ရက်နေ့တွင် ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ဖိလစ်ပိုင်စစ်ဘက်က ၁၁ ရက်နေ့ ညနေပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ရာ ယင်းတိုက်ခိုက်မှုကြောင့် အစိုးရတပ်ဖွဲ့မှ တပ်သား ၃ ဦးနှင့် ရဲတစ်ဦး သေဆုံးပြီး တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အာဘူဇာယဲ့ဖ်လက်နက်ကိုင်သမား ၅ ဦးလည်း ပစ်သတ်ခံရကြောင်း ပြောကြားသည်။

   Webradio