• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယား ဓာတုလက်နက်အရေးအခင်းကို စုံစမ်းစစ်ဆေးရန် ကုလ နိုင်ငံတကာတရားရုံးဆီသို့ ရုရှားလျှောက်လွှာတင်မည်

(GMT+08:00) 2017-04-12 16:14:54

        ရုရှားသမ္မတ ပူတင်က အမေရိကန်နိုင်ငံသည် ဒမ္မစကက်မြို့ တောင်ဘက်ဆင်ခြေဖုံး၌ ရုရှားနိုင်ငံအား ရန်စရန် စီစဉ်နေကြောင်း၊ ဆီးရီးယား ဓာတုလက်နက်အရေးအခင်းကို အရင်းအမြစ်မှနေ စုံစမ်းစစ်ဆေးရန် ရုရှားနိုင်ငံသည် ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံးဆီသို့ လျှောက်လွှာတင်မည်ဖြစ်ကြောင်း ယခုလ ၁၁ ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ပူတင်က ရုရှားနိုင်ငံသည် အနာဂတ်တွင် ရုရှား-အမေရိကန် ဆက်ဆံမှုတွင် အပြုသဘော လက္ခဏာပေါ်လာနိုင်ရန် မျှော်လင့်ပြီး စိတ်ရှည်လက်ရှည် စောင့်မျှော်လိုကြောင်းလည်း ပြောကြားသည်။

 

   Webradio