• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည်၊ နမီးဘီးယား ဒုဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-04-12 13:17:20

      တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်၊ ယခုလ ၁၁ ရက်နေ့က ပီကင်းတွင် တရားဝင် ခရီးလှည့်လည်နေသော နမီးဘီးယားနိုင်ငံ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Nandi- Ndaitwahနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရသိရသည်။

ဝမ်ယိက၊ တရုတ်ပြည်အနေနှင့်၊ နမီးဘီးယားနှင့်အတူ၊ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင် တို့မှ အရေးကြီးသဘောတူညီမှုနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်  Johannesburgထိပ်သီးအစည်းအဝေး၏အောင်မြင်မှုများကို လက်တွေ့ကျစွာ ဖော်ဆောင် ခြင်းဖြင့်၊ အပြန်အလှန်အကျိုးရှိစေသောပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေပြီး၊ လူမှု ယဉ်ကျေးမှုကူးလူးဖလှယ်ရေးတိုးချဲ့ပြုလုပ်ကာ၊ တရုတ်-နမီးဘီးယားဆက်ဆံမှု ဘက်စုံ ဖွံ့ဖြိုးရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ဟု သတင်းအရသိရသည်။

 

   Webradio