• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ရှီကျင့်ဖိန်သည် Lam Cheng Yuet-ngor နှင့် တွေ့ဆုံ

(GMT+08:00) 2017-04-12 10:00:09

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် လီခေ့ချန်တို့သည် ယခုလ ၁၁ ရက်နေ့က ပီကင်း၌ Lam Cheng Yuet-ngor နှင့်အသီးသီး တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ နှစ်၂၀ အတွင်း တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး ပေါ်လစီသည် ဟောင်ကောင်၌ ကြီးမြတ်သော အောင်မြင်မှု ရရှိပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

၁၁ ရက်နေ့ နံနက်ပိုင်းက ဝန်ကြီးချုပ် လီခေ့ချန်သည် ပီကင်း ကျုံးနန်ဟိုင်၌ Lam Cheng Yuet-ngor အား ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ရန် နိုင်ငံတော်ကောင်စီ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ Lam Cheng Yuet-ngor နှင့် တွေ့ဆုံရာတွင် လီခေ့ချန်က၊ ဟောင်ကောင် စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေး၊ ပြည်မကြီးနှင့် ဟောင်ကောင် အပြန်အလှန် ဖြည့်စွက် အကျိုးပြုရေးနှင့် ဟောင်ကောင် ဗဟို အချက်အချာနေရာ ခိုင်မြဲ တိုးမြှင့်ရေးအတွက် ကောင်းကျိုးရှိသော ဆောင်ရွက်မှု မှန်သမျှကို ဗဟိုအစိုးရသည် ယခင်ကလိုပင် ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

   Webradio