• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ သမ္မတ ဦးထင်ကျော်သည် တရုတ်ခရီးစဉ်အကြောင်း ပြောကြား

(GMT+08:00) 2017-04-12 09:32:52

မြန်မာ သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်ခရီးစဉ် မတိုင်မီက တရုတ် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။

တရုတ်-မြန်မာ ဆက်ဆံမှုနှင့် ပတ်သက်ပြီး သမ္မတ ဦးထင်ကျော်က၊ မြန်မာ အစိုးရ အဆက်ဆက်တို့သည် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးကို ထားရှိပြီး ယခု နှစ်နိုင်ငံ ဆက်ဆံမှုသည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု အဖြစ် မြင့်တင်လာပြီ ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့သည် မွေးမြူရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ သတ္ထုလုပ်ငန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ လျှပ်စစ်ဓါတ်အား၊ ဟိုတယ်နှင့် ခရီးသွား စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားပါသည်။

သမ္မတ ဦးထင်ကျော်က၊ မိမိ၏ ဖခင် မင်းသုဝဏ်သည် တရုတ်ပြည် အကြောင်း စာပေ လက်ရာများကို ရေးသားပြုစုခဲ့ကြောင်း၊ ယခု မိမိ၏ ဖခင်၏ စာစုကို တရုတ်လို ဘာသာပြန်ပြီး ဖြန့်ချိထုတ်ဝေခြင်းသည် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုကို ပိုမို နက်ရှိုင်းလာစေနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

သမ္မတ ဦးထင်ကျော်က၊ မြန်မာ အစိုးရသစ်သည် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစွမ်းကုန် တွန်းအားပေးနေကြောင်း၊ မြန်မာအစိုးရသစ်သည် ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပပြီး တိုင်းရင်းသားများနှင့် ဆွေးနွေးပွဲ ပြုလုပ်ကာ တစ်နှစ် အတွင်း တိုးတက်မှု ရရှိပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio