• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် မြန်မာ သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2017-04-11 10:13:34

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၀ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ မြန်မာ သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်းနိုင်ငံ ဖြစ်ပြီး ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးမှာ လွန်စွာ နက်ရှိုင်းပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်ကို စွဲကိုင်ပြီး အဆင့်ဆင့်သော ကူးလူးဖလှယ်မှုနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုကြောင်း ပြောကြား ခဲ့ပါသည်။

လီခေ့ချန်က၊ တရုတ်-မြန်မာ စီးပွါးရေး အပြန်အလှန် ဖြည့်စွက်နိုင်ဖွယ်ရာ များပြားပြီး ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကောင်းမွန်ကြောင်းလည်း ပြောကြားပါသည်။

သမ္မတ ဦးထင်ကျော်က၊ မြန်မာ-တရုတ် နှစ်နိုင်ငံတို့သည် အပြန်အလှန် လေးစားသော မိတ်ဆွေကောင်း ဖြစ်ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။-

   Webradio