• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် မြန်မာ သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံ

(GMT+08:00) 2017-04-10 21:33:32

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ မြန်မာ သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ခေါင်းဆောင် နှစ်ဦးတို့သည် တစ်လှေတည်းစီး ပူအတူ အေးအမျှစိတ်ဓါတ်ကို စွဲကိုင်ရန်၊ အပြန်အလှန် လေးစားပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ရန်၊ တရုတ်-မြန်မာ ဆက်ဆံမှု ဆက်တိုက် ပုံမှန် တိုးတက်ရေးကို တွန်းအားပေးရန် သဘောတူကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်-မြန်မာ နှစ်နိုင်ငံ တောတောင်ရေမြေ ဆက်စပ်ပြီး ဆွေးမျိုးပေါက်ဖေါ် ချစ်ကြည်ရေး နက်ရှိုင်းခိုင်မာပါကြောင်း၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၆၇ နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက် အခြေခံပေါ်တွင် လျင်မြန်စွာ တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာပြည်နှင့် လက်တွဲ ကြိုးပမ်းပြီး ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး အဆင့်အတန်းကို တိုးမြှင့်လိုပါကြောင်း ပြောကြားပါသည်။

သမ္မတ ဦးထင်ကျော်က၊ ၁၉၅၀ ပြည့်နှစ်က မြန်မာ- တရုတ် နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် အခြေခံပေါ်တွင် ကောင်းမွန်စွာ တိုးတက်လာကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးသည် ရိုးရာ ဆွေမျိုး ပေါက်ဖေါ် ချစ်ကြည်ရေးမှနေ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုသို့ တစ်ဆင့်တိုး တိုးမြင့်လာကြောင်း၊ မြန်မာ အစိုးရ၏ တိုင်းရင်းသား ပြန်လည်သင့်မြတ်ရေး၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု နေထိုင်မှု တိုးတက်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှု အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

နှစ်ဖက်တို့သည် တရုတ်နှင့်မြန်မာ ပူးတွဲ သတင်းပြန်တမ်းကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

   Webradio