• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မင်းသုဝဏ်နှင့် တရုတ်ပြည်ရေစက်စာအုပ် ပီကင်းမြို့၌ ထုတ်ဝေ

(GMT+08:00) 2017-04-10 15:58:37

မြန်မာစာရေးဆရာ၊ ကဗျာဆရာကြီး မင်းသုဝဏ်ကို ဂုဏ်ပြုသောအားဖြင့် မင်းသုဝဏ်နှင့် တရုတ်ပြည်ရေစက်စာအုပ်ကို တရုတ် -မြန်မာ နှစ်ဘာသာဖြင့် တရုတ်နိုင်ငံ ပီကင်းမြို့မှာ ယခုလ (၉)ရက်နေ့က ထုတ်ဝေ ဖြန့်ချိခဲ့ပါသည်။ စာအုပ်ထုတ်ဝေဖြန့်ချိပွဲကို ပီကင်းမြို့ တျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်နှင့် ဇနီး၊ တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံး ဒုတိယဥက္ကဌ ကုဝေမင်နှင့် အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန့်နှင့် ဇနီး၊ မြန်မာကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြပါတယ်။

ဒီစာအုပ်ကို ထုတ်ဝေနိုင်ဖို့အတွက် ဆရာမင်းသုဝဏ်ရဲ့ သမိုင်း ဓာတ်ပုံများ၊ ဆောင်းပါးများ၊ တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး ဆရာကြီး ဘာသာပြန်ထားတဲ့ဆောင်းပါးများ၊ ကဗျာ၊ ပုံပြင်များကို ရှာဖွေစုဆောင်းပေးခဲ့သည့် မြန်မာနိုင်ငံ တက္ကသိုလ်များဗဟိုစာကြည့် တိုက်မှ လက်ထောက်စာကြည့်တိုက်မှူး ဆရာဦးမြင့်ဆွေကတော့ "ဒီစာအုပ်နှင့် ပတ်သက်ပြီး အကုန်ရှာဖွေပေးခဲ့တာဖြစ်သည့်အတွက် စာအုပ်ထွက်လာ၇င် ဖတ်ရှုချင် ကြောင်း၊ ဆရာ့ကြီး အတွက် လုပ်ပေးခွင့်ရတာတဲ့ဖြစ်အတွက် ကျေးဇူးတင်ဂုဏ်ယူ ပါကြောင်း၊ ဒါကို ဆုလာဒ်တစ်ခုအဖြစ် သတ်မှတ်ပါကြောင်း၊  ဒီလိုမြန်မာ့ယဉ်ကျေးမှု၊ မြန်မာနိုင်ငံအကြောင်းတွေနှင့်ပတ်သက်ပြီး တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ဆက်လက် ထုတ်ဝေ ပေးနိုင်မယ်ဆိုရင် များစွာကောင်းမွန်ပါကြောင်း" ပြောဆိုထားပါသည်။

အဆိုပါစာအုပ်တွင်ဆရာကြီးမင်းသုဝဏ်ရဲ့မှတ်တမ်းဓာတ်ပုံများ၊ဘ၀နှင့်စာပေးသမိုင်းကောက်နှုတ်ချက်များ၊ တရုတ်သမိုင်းပညာရှင်ကြီး လူရွန်းရဲ့ အကြောင်း ဘာသာ ပြန်ဆောင်းပါးများ၊ ကဗျာများ၊ တရုတ်ပုံပြင် ဘာသာပြန်များ၊ တရုတ်လူမျိုးတွေရဲ့ စည်း ကမ်းထိန်းသိမ်းမှုနှင့်ပတ်သက်တဲ့ အသိပညာပေးဆောင်းပါးဘာသာပြန်များ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် ပတ်သက်သည့်ဆောင်းပါး(၃)ပုဒ်တို့ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါ သည်။

   Webradio